Skip to main content
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးသုတေသနဦးစီးဌာန

၁။      မွေးမြူရေးသုတေသနဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ ဝယ်ယူမည့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာ (၄)မျိုးနှင့် ရုံးသုံးစက်ပစ္စည်းကိရိယာ (၄)မျိုး ဝယ်ယူရန်အတွက် မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ကြေညာအပ်ပါသည်။

၂။       ဈေးနှုန်းအဆိုပြုလွှာပုံစံများကို မွေးမြူရေးသုတေသနဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ ရေဆင်းတွင် (၂၂-၄-၂၀၂၂)ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၆-၅-၂၀၂၂) ရက်တွင် တင်ဒါပုံစံများကို ပိတ်သိမ်း၍ 1% P.O Cheque လက်ခံမည်ဖြစ်ကာ အိတ်ဖွင့် တင်ဒါဖွင့်လှစ်မည်ရက်ကို အချိန်မီအကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက ဖုန်းအမှတ် ၀၉-၄၂၉၂၈၂၇၃၄ နှင့် ၀၉-၄၅၁၂၄၃၁၃၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မွေးမြူရေးသုတေသနဦးစီးဌာန