Skip to main content
x

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

စက်မှုလယ်ယာဦးစီးဌာန

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် စက်ပစ္စည်းကိရိယာများ၊ လယ်ယာသုံးစက်ကိရိယာများနှင့် အပိုပစ္စည်း များ၊ မြေယာပြုပြင်ခြင်း လုပ်ငန်းသုံးယန္တရားများ၊ တာယာ၊ ဘတ္ထရီ၊ စက်ဆီ/ချောဆီများနှင့် ရုံးသုံးပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။

၂။      တင်ဒါပုံစံရောင်းချမည့်ရက် (၂၈-၄.၂၀၂၂) ရက်နေ့မှ (၁၆.၅.၂၀၂၂) ရက်နေ့ (၁၂:၀၀) နာရီထိ၊

၃။     တင်ဒါပိတ်ရက် (၁၆.၅.၂၀၂၂) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီ၊

၄။     တင်ဒါဖွင့်လှစ်မည့်ရက် ထပ်မံကြေညာပါမည်။

၅။     တင်ဒါလျှောက်လွှာပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ Online ဖြင့် သော်လည်းကောင်း ရောင်းချပေးမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန၊ ရုံးအမှတ်(၅၀)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၃၁၂၄၂ နှင့် email : [email protected] သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါသည်။