Skip to main content
x

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်း လုပ်ငန်း အကောင်အထည် ဖော်မှု ကြီးကြပ်ရေး ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

     ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကို ဩဂုတ်လ (၁၇)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဆီထွက် သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်း လုပ်ငန်း အကောင် အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ ကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အသီးသီး မှ  ညွှန်ကြားရေး မှူးချုပ်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ  တက်ရောက်ကြသည်။

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ပထမအကြိမ် အစည်းအဝေး

     ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က အမှာစကား ပြောကြားရာ ၌ မြန်မာ နိုင်ငံ၏ ဆီထွက် သီးနှံ ကဏ္ဍ ဖွံ့ဖြိုး တိုးတက် စေရန် နှင့် စားသုံးဆီဖူလုံစေရန် ရည်ရွယ်၍ စားသုံးဆီ ဖူလုံ ရေး အတွက် ဆီထွက် သီးနှံများ တိုးချဲ့  စိုက်ပျိုးရေး ကော်မတီက (၂၂-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာ စာ အမှတ် – ၁/၂၀၂၂ ဖြင့် “ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင် အထည် ဖော်မှု ကြီးကြပ်ရေး ကော်မတီအား ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့ စားသုံးဆီ တင်ပို့ ရောင်းချ နိုင်ရေး အတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရန် တွန်းအား ပေး ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ တောင်သူများ၏ လိုအပ်ချက်၊ ပုဂ္ဂလိကပိုင်း၏ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး စီမံ ဆောင်ရွက် လျက် ရှိကြောင်း ပြောကြားသည်။

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ပထမအကြိမ် အစည်းအဝေး

     အစည်းအဝေး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးတွင် နေကြာ သီးနှံ ကို ဧက(၁.၅)သန်း အထိ တိုးချဲ့ စိုက်ပျိုးရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ များ နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ကိစ္စ ရပ်များ၊ စီမံကိန်းအတွက် လိုအပ်သော ရန်ပုံငွေရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊ သွင်းအားစုများ ဖြစ်သော မျိုး၊ မြေဩဇာ၊ ဒီဇယ်ဆီတို့ကို ရာသီ အချိန်မီ ရရှိရေး အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ပုဂ္ဂလိက ကုမ္ပဏီများ နှင့် ညှိနှိုင်း ဆောင်ရွက် ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် စိုက်ပျိုးမည့် ဧကများအား ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် လျာထား အထွက်ရရှိရေး ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုး ထွက်ရှိသော နေကြာသီးနှံများ ဈေးကွက် ရရှိရေး နှင့် ဆီထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရေး အတွက် တောင်သူ လယ်သမား များ၊ သီးနှံ ဝယ်ယူသူများ နှင့် ဆီကြိတ်ခွဲရေးလုပ်ငန်းရှင်များအကြား မိတ်ဖက် ဖွဲ့စည်းခြင်းဖြင့် နေကြာ သီးနှံ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုး တိုးတက်ရေး စီမံ ဆောင်ရွက်ရန် ကိစ္စရပ်များ ကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ပထမအကြိမ် အစည်းအဝေး