Skip to main content
x

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

စိုက်ပျိုးမြေများကို ထိထိ ရောက်ရောက် အသုံးချကာ သီးထပ် သီးညှပ်များ တိုးမြှင့် စိုက်ပျိုးရေး၊ အရည်အသွေးမြင့်မားသည့် စိုက်ပျိုးရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊ တစ်ပိုင်တစ်နိုင် နှင့် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး အတွက် ဌာန၊ တောင်သူ နှင့် ပုဂ္ဂလိက တို့ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း သြဂုတ်လ (၂၀)ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရှိ ပြည်နယ် အစိုးရ အဖွဲ့ ဧည့်ရိပ်သာ၌ ပြည်နယ် ၊ ခရိုင်အဆင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဆွေးနွေး ပြောကြားသည်။

ရှမ်းပြည်ခရီးစဉ်

တွေ့ဆုံပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပြည်နယ်အတွင်း ဆောင်ရွက် လျက် ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ တောင်သူ ပညာပေး လုပ်ငန်းများ ဆောင်ရွက် နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း အသစ် တည်ဆောက် ဖွင့်လှစ် နိုင်ရေး အတွက် မြေနေရာ ရွေးချယ်ထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က ကုန်းမြင့်လယ်ယာများ စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ မြေယာအသုံးချမှု၊ စိုက်ပျိုးရေလိုအပ်ချက် နှင့် သွင်းအားစုများ အကျိုးရှိ ထိရောက်စွာ သုံးစွဲရန် လိုအပ်ချက်များ ကို ဖြည့်စွက်မှာကြားသည်။

ထိုနောက် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ကောင်းကြဲ(အီ)ကျေးရွာအုပ်စု၊ နမ့်မော်စင် ကျေးရွာရှိ  ခမ်းရွှေ တိရစ္ဆာန် အစာစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ရှိသူများက တိရစ္ဆာန် အစာ မြက်ချဉ်ဖတ်၊ နွားကလေးစာ၊ အသားတိုးနွားစာ၊ နို့စားနွားစာနှင့် အသင့်ရော စပ်ပြီး အစာတောင့် များ ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က စက်ရုံကုန်ကြမ်း ရရှိရေးအတွက်   တောင်သူများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသခံ ပြည်သူများ၏ လူနေမှုဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး မျှော်မှန်း ဆောင်ရွက်ရန်လိုအပ်ချက်များ ဆွေးနွေးမှာကြားပြီး တိရစ္ဆာန် အစာ မြက်ချဉ်ဖတ် ထုတ်လုပ်မှုနေများကို ကြည့်ရှုအားပေးသည်။

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၏  စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံကျောင်း အသစ် တည်ဆောက်မည့် လားရှိုးမြို့နယ်၊ မန်ပျဉ်ကျေးရွာ အုပ်စု အနီး မြေနေရာလျာထားမှု၊ သောက်သုံးရေလျာထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ညပိုင်းတွင် ရှမ်းပြည်နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ဝန်ထမ်းများ အား တွေ့ဆုံ၍ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ အထွေထွေ အကောက်ခွန် အာဏာပိုင်အဖွဲ့ (GACC)တို့ သဘောတူလက်မှတ် ရေးထိုးထားသည့် သဘောတူညီချက် များနှင့်အညီ ကျွဲနွားအရှင်များ တရားဝင်တင်ပို့ နိုင်ရန် စီမံဆောင်ရွက် ထားသည့်  စစ်ဆေးရေးစခန်း နှင့် ခွာနာလျှာနာ ရောဂါကင်းရှင်းဇုံ၊ ကာကွယ်ဇုံ နှင့် ထိန်းချုပ်ဇုံ (Animal Quarantine Station-AQS) များ၏ လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် နှင့် ရောဂါရှာဖွေ ဓါတ်ခွဲခြင်း လုပ်ငန်းများ စံနှုန်းများနှင့်အညီဆောင်ရွက်ရန် လိုအပ် ချက်များ ကို ဆွေးနွေး မှာကြား ခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်ခရီးစဉ်