Skip to main content
x

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းအမှတ်စဉ် ၁/၂၀၂၂-၂၀၂၃သင်တန်းဖွင့်

 နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာန သင်တန်းကျောင်း ရေဆင်း၌ (၁၉..၂၀၂၂)ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် ၁/၂၀၂၂-၂၀၂၃ သင်တန်းဖွင့်ပွဲကို သင်တန်းကျောင်း ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်၊

 သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)ဦးနိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်း ဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ စက်မှုလယ်ယာသင်တန်းကျောင်း၊ ရေဆင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်တန်းဆရာ၊ ဆရာမများနှင့် တောင်သူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါသင်တန်းတွင် တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေသည့် အသိပညာ၊ အတတ်ပညာများ သင်ကြားပေးမည် ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ်မောင်းနှင် သုံးစွဲရန်နှင့် ကြံ့ခိုင်ထိန်း သိမ်းမှုဆောင်ရွက်ရန် ကျွမ်းကျင်စက်မောင်း လူ့စွမ်းအားအရင်းအမြစ်များ တိုးတက် ရရှိလာမည် ဖြစ်ပါသည်။    

ထို့အပြင် သမားရိုးကျ လယ်ယာစိုက်ပျိုးရေးစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲရေး၊ စက်ကိရိယာစွမ်းအားကို အပြည့်အဝအသုံးချနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက်များစွာ အထောက် အကူပြု၍ အကျိုးရှိစေမည်ဖြစ်ပါသည်။