Skip to main content
x

ဝန်ဆောင်မှုခေါင်းစဉ်

ပြည်ပသို့တင်ပို့မည့် ကျွဲ၊ နွားအထီးများအား ကျန်းမာရေးစစ်ဆေးပေးရန် လျှောက်ထား ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ပြည်ပသို့တင်ပို့ခြင်းဆိုင်ရာ အသိအမှတ်ပြုကဒ် (Smart Card)ရရှိပြီးသူများသာလျှောက် ထားနိုင်ပါသည်။

ဝန်ဆောင်ခ

ကျန်းမာရေးစစ်ဆေးခ ကျွဲ၊ နွားတစ်ကောင်လျင် (၁၀၀၀၀)ကျပ် ကောက်ခံပါသည်

လိုအပ်သောစာရွက်စာတမ်းများ

(က)

လျှောက်လွှာပုံစံ - ကသ(၄)

(ခ)

စုဆောင်းခြံမှတ်ပုံတင်လက်မှတ် (AHD/PC-7)

လျှောက်ထားရန်အဆင့်များ

လျောက်ထားလိုသူများအနေဖြင့် သတ်ဆိုင်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရုံးများတွင် သွားရောက်လျှောက်ထားနိူင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင် ပါသည်။

(က)

ပြည်ပတင်ပို့မည့် ကျွဲ၊ နွားအထီးများအတွက် ကျန်းမာကြောင်း ထောက်ခံ ချက်လက်မှတ် (AHD/PC-3)ပေါင်းချုပ်နှင့် ကျန်းမာရေးဆိုင်ရာ သဘော ထားမှတ်ချက်ရရှိအောင်ဆောင်ရွက်ခြင်း၊

(ခ)

ကုန်သွယ်ရေးဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာသဘောထားမှတ်ချက်နှင့်အတူ ပို့ကုန်လိုင်စင်လျှောက်ထားခြင်း၊

(ဂ)

ပို့ကုန်လိုင်စင်ရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးသော သယ်ပို့ မှုဆိုင်ရာလမ်းကြောင်းနှင့် ကျွဲ၊ နွားစုဆောင်းခြံမှ ပြည်ပသို့ ထွက်ခွါခွင့်ပုံစံရရှိရန် ဆောင်ရွက်ခြင်း၊

(ဃ)

သယ်ဆောင်မည့်လမ်းကြောင်းရှိစစ်ဆေးရေးစခန်းနှင့်တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်း(AQS)တွင် စစ်ဆေးခံ၍ ပြည်ပသို့ထွက်ခွါခြင်း၊

(င)

သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံထံ တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးထားသော စာရွက်စာတမ်းများ အားလုံး စနစ်တကျပြန်လည်အပ်နှံခြင်း။

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၅၇၆

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။