ဝန်ဆောင်မှုခေါင်းစဉ် |
ပြည်ပသို့တင်ပို့မည့် ကျွဲ၊ နွားအထီးများအား ကျန်းမာရေးစစ်ဆေးပေးရန် လျှောက်ထား ခြင်း |
|
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
ပြည်ပသို့တင်ပို့ခြင်းဆိုင်ရာ အသိအမှတ်ပြုကဒ် (Smart Card)ရရှိပြီးသူများသာလျှောက် ထားနိုင်ပါသည်။ |
|
ဝန်ဆောင်ခ |
ကျန်းမာရေးစစ်ဆေးခ ကျွဲ၊ နွားတစ်ကောင်လျင် (၁၀၀၀၀)ကျပ် ကောက်ခံပါသည် |
|
လိုအပ်သောစာရွက်စာတမ်းများ |
(က) |
လျှောက်လွှာပုံစံ - ကသ(၄) |
(ခ) |
စုဆောင်းခြံမှတ်ပုံတင်လက်မှတ် (AHD/PC-7) |
|
လျှောက်ထားရန်အဆင့်များ |
လျောက်ထားလိုသူများအနေဖြင့် သတ်ဆိုင်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရုံးများတွင် သွားရောက်လျှောက်ထားနိူင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင် ပါသည်။ |
|
(က) |
ပြည်ပတင်ပို့မည့် ကျွဲ၊ နွားအထီးများအတွက် ကျန်းမာကြောင်း ထောက်ခံ ချက်လက်မှတ် (AHD/PC-3)ပေါင်းချုပ်နှင့် ကျန်းမာရေးဆိုင်ရာ သဘော ထားမှတ်ချက်ရရှိအောင်ဆောင်ရွက်ခြင်း၊ |
|
(ခ) |
ကုန်သွယ်ရေးဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာသဘောထားမှတ်ချက်နှင့်အတူ ပို့ကုန်လိုင်စင်လျှောက်ထားခြင်း၊ |
|
(ဂ) |
ပို့ကုန်လိုင်စင်ရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးသော သယ်ပို့ မှုဆိုင်ရာလမ်းကြောင်းနှင့် ကျွဲ၊ နွားစုဆောင်းခြံမှ ပြည်ပသို့ ထွက်ခွါခွင့်ပုံစံရရှိရန် ဆောင်ရွက်ခြင်း၊ |
|
(ဃ) |
သယ်ဆောင်မည့်လမ်းကြောင်းရှိစစ်ဆေးရေးစခန်းနှင့်တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်း(AQS)တွင် စစ်ဆေးခံ၍ ပြည်ပသို့ထွက်ခွါခြင်း၊ |
|
(င) |
သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံထံ တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကထုတ်ပေးထားသော စာရွက်စာတမ်းများ အားလုံး စနစ်တကျပြန်လည်အပ်နှံခြင်း။ |
|
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၅၇၆ |
|
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ |
ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ |