ဝန်ဆောင်မှုခေါင်းစဉ် |
ပြည်ပမှ ဝက်အရှင် တင်သွင်းခွင့်လျှောက်ထားခြင်း |
|||
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ |
(က) ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။ |
|||
( ခ ) စီးပွားဖြစ်ဝက်သားပေါက်တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ Stakeholder Meeting မှ အတည်ပြုဆုံးဖြတ်သည့် ခွဲတမ်းပမာဏအတိုင်းလျှောက်ထားရမည်။ |
||||
(ဂ) စီးပွားဖြစ် ဝက်သားပေါက်များအတွက် ဦးစီးဌာနက သတ်မှတ်ထားသော ခန္ဓာကိုယ် အလေးချိန် အတိုင်းသာ တင်သွင်းရမည်။ |
||||
(ဃ) အာဖရိကဝက်အပြင်းဖျားရောဂါကင်းရှင်းသည့်နိုင်ငံမှသာ တင်သွင်းရမည်။ |
||||
ဝန်ဆောင်ခ |
ဝက် |
- |
ကျန်းမာရေးစစ်ဆေးခအဖြစ် ဝက်တစ်ကောင်လျှင် ၂၀၀၀ကျပ် နှုန်းကောက်ခံပါသည်။ |
|
လျှောက်ထားရန်အဆင့်များ |
(က) |
ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်လျှောက်ထားခြင်း၊ |
||
(ခ) |
ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်၊ |
|||
(ဂ) |
တင်သွင်းလာသော အေးခဲအသားများအား သိုလှောင်၊ ဖြန့်ဖြူးရောင်းချ သို့မဟုတ် အသုံးပြုမည့်နေရာ၊ |
|||
(ဃ) |
ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)၊ |
|||
(င) |
အရောင်း အဝယ်သဘောတူစာချုပ် (Sales contract) မိတ္တူ၊ |
|||
(စ) |
တင်သွင်းသည့်နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် (Veterinary Authority)မှ ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက် လက်မှတ် (Veterinary Health Certificate)၊ |
|||
(ဆ) |
ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ မွေးမြူသည့် ခြံမှတ်ပုံတင်လက်မှတ် (Farm Certificate)၊ |
|||
(ဇ) |
မျိုးဝက်တင်သွင်းခြင်းအတွက် မျိုးရိုးမှတ်တမ်း (Pedigree Certificate) နှင့် မျိုးဆိုင်ရာအထောက်အထား၊ |
|||
(ဈ) |
ကုန်ပစ္စည်းထုတ်လုပ်သည့်နိုင်ငံရှိ ဝက်၏ ကာကွယ်ဆေး ထိုးမှတ်တမ်း၊ |
|||
(ည) |
ပြည်တွင်းရှိမွေးမြူမည့်ခြံ၏ မှတ်ပုံတင်လက်မှတ် (AHD/ PC-7)၊ |
|||
(က) |
ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊ |
|||
(ခ) |
တင်သွင်းမည့်ဝက်များ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး(၃)ရက်ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊ |
|||
(ဂ) |
စစ်ဆေးရေးစခန်းသို့ တင်သွင်းလာသည့်ဝက်များ ရောက်ရှိချိန်တွင် တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက်လက်မှတ်မူရင်း အပ်နှံခြင်းနှင့် ကူးစက်ရောဂါ ကင်းစင် ကြောင်း ဓါတ်ခွဲခန်း စစ်ဆေးမှုခံယူခြင်း၊ |
|||
(ဃ) |
ဦးစီးဌာနက ထုတ်ပေးသော ကူးစက်ရောဂါကင်းရှင်းကြောင်း ဓါတ်ခွဲခန်းအဖြေ ဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)]၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)]တွင်ဝင်ရောက်လျှောက်ထားပြီးအတည်ပြုချက်ရယူ ခြင်း၊ |
|||
(င) |
လျှောက်ထားစဉ်က ဖော်ပြထားသည့် ဒေသသို့သာ သယ်ဆောင်ရမည်ဖြစ်ပြီး အဆိုပါသယ်ဆောင်ခြင်းအတွက် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ် (AHD/ PC-3) လျှောက်ထားရယူခြင်း၊ |
|||
(စ) |
ခရီးဆုံးဒေသသို့ ရောက်ရှိပါက ယင်းဒေသရှိ မြို့နယ်ဦးစီးဌာနမှူးထံ တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/ PC-3) မူရင်းပြန်လည် အပ်နှံရမည်။ |
|||
(ဆ) |
တိရစ္ဆာန်ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းများအရ ခရီး ဆုံးဒေသရှိ မွေးမြူရေးခြံတွင် ထည့်သွင်းမွေးမြူခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်း ချခြင်းမပြုမီ သီးခြားခြံတွင်စောင့်ကြည့်ကာလ (၁၄)ရက်ထားရှိပြီး ခရီးဆုံးဒေသရှိ မြို့နယ်ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရခြင်း။ |
|||
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈ |
|||
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ |
ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ |