Skip to main content
x

ကောင်းမွန်သောကုန်ထုတ်လုပ်မှုလမ်းစဉ် (GMP )လက်မှတ်ထုတ်ပေးခြင်း

တင်ပြရန်လို

အပ်မည့်

အထောက်အထားများ

၁။ကုမ္ပဏီ၏ (Leter Head) ဖြင့်တင်ပြလာသောလျှောက်လွှာ

 

 

လက်တွေ့လုပ်ထုံးလုပ်နည်း

၁။လျှောက်ထားသူသည် ကောင်းမွန်သောကုန်ထုတ်လုပ်မှုလမ်းစဉ်(GMP)

လက်မှတ် လျှောက်ထားရန်အတွက် တင်ပြရန်လိုအပ်သော အထောက် အထားများကို အရည်အသွေးထိန်းသိမ်းရေးနှင့်သုတေသနဌာနစု ငါးလုပ်ငန်း ဉီးစီးဌာနသို့ တင်ပြလျှောက်ထားရမည်။

၂။အရည်အသွေးထိန်းသိမ်းရေးနှင့်သုတေသနဌာနစု ငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံခဲ့လျှင်ကောင်းမွန် သော ကုန်ထုတ်လုပ်မှုလမ်းစဉ် (GMP)လက်မှတ်ကို ထုတ်ပေးမည်။

ဝန်ဆောင်ခ

  • မရှိ

ကြာမြင့်ချိန်

  • GMPစနစ်ကိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာစည်းမျဉ်းစည်ကမ်းပေါ်တွင်မူတည်သည်။
  • GMPစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ထားလျှင် အလုပ်လုပ်ရက် (၇) ရက်အတွင်း

မှတ်ချက်

-ဤGMPလက်မှတ်ကို လက်မှတ်ပေါ်တွင်ပြသထားသောသက်တမ်းမကုန်ဆုံး

မှီ  ငါးလုပ်ငန်းဉီးစီးဌာနတွင် သက်တမ်းတိုးရမည်။

-ဦးစီးဌာနအနေဖြင့်ထုတ်လုပ်သည့်လုပ်ငန်းစဉ်များနှင့် သန့်ရှင်းရေးဆိုင်ရာ

ထိန်းချုပ်ဆောင်ရွက်မှုများ၊ GMPစနစ် အကောင်အထည်ဖော်ခြင်းတို့ကို ပုံမှန် စစ်ဆေးမည်။