အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်/ကောလိပ်/သိပ္ပံများ၏ နောက်ဆုံးနှစ်သင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများပြန်လည်ဖွင့်လှစ်မည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင်သင်ကြားပို့ချလျက်ရှိသည့် သင်တန်းအားလုံးကို ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေအရ ကျောင်းပိတ်ရပ်နားခဲ့ရပါသည်။

ယခုအခါကိုဗစ်-၁၉ရောဂါကာကွယ်၊ တားဆီးရေးလုပ်ငန်းစဉ်များကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုအတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီးဖြစ်သဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့၏ နောက်ဆုံးနှစ်သင်တန်းများအား (၂၄-၅-၂၀၂၁) ရက်နေ့တွင်လည်ကောင်း၊ ဘွဲ့လွန်သင်တန်းများအား (၁-၆-၂၀၂၁) ရက်နေ့တွင်လည်ကောင်း စတင်ဖွင့်လှစ်မည်ဖြစ်သည်။

အလားတူသမဝါယမတက္ကသိုလ်(သန်လျင်)နှင့် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တို့၏ နောက်ဆုံးနှစ်သင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေး သိပ္ပံများ၏ နောက်ဆုံးနှစ်သင်တန်းများကိုလည်းကောင်း(၁-၆-၂၀၂၁) ရက်နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ထို့အပြင် မန္တလေး၊ ဖောင်ကြီးတို့ရှိ သမဝါယမကောလိပ်များနှင့် ပုဂံရှိ ယွန်းပညာကောလိပ်တို့ကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။