အဓိကအကြောင်းအရာသို့ သွားမည်
x

ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခဲ့

နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှု လုပ်ငန်းမြှင့်တင်ရေး ဥပဒေပါ အခြေခံမူများနှင့်အညီ ပြည်သူလူထု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်မှုလုပ်ငန်းများအားမြှင့်တင်ပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေ တိုးပွားရရှိစေကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ဝါးအခြေခံလက်မှုထည် သင်တန်းကို (၁.၆.၂၀၂၁)ရက်နေ့မှ(၁၅.၆.၂၀၂၁)ရက်နေ့အထိ Organic စိုက်ပျိုးရေးခြံ၊ ရွှေခဲအင်းကျေးရွာ အုပ်စု၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်တွင် သင်တန်းသား(၂၀)ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

အဆိုပါ ဝါးလက်မှုထည်သင်တန်းတွင် ဝါးဖြင့် ပြုလုပ်သည့် တစ်ရှူးဗူး၊ နာရီ၊ မီးအိမ်၊ ပန်းခြင်း၊ ဖုန်းတင်စင်၊ ဘောပင်ထည့်ခြင်း၊ Table Mat၊ ဓာတ်ပုံဘောင်၊ အပူခံပြား၊ အင်္ကျီချိတ် စသည့် ဝါးလက်မှုထည် ပစ္စည်းအမျိုးမျိုး ပြုလုပ်နည်းတို့ကို သင်ကြားပေးခဲ့ပါသည်။