အဓိကအကြောင်းအရာသို့ သွားမည်
x

မြိတ်မြို့နယ်၌အမျိုးသမီးအသက်မွေးဝမ်းကျောင်းအခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကျင်းပခြင်း

မြိတ် ဇွန် ၁၅
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဒေသခံကျေးလက်နေအမျိုးသမီးများအတွက်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများအားကျေးရွာအရောက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာယနေ့တွင်တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊တောင်ရှည်ကျေးရွာအုပ်စု၊တောင်ညိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ အမျိုးသမီးအသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံအပ်ချုပ်စက်(နှစ်လ) အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင်မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးမှ ကျေးလက်နေ အမျိုးသမီးများလက်မှုပညာဖြင့်အသက်မွေးမှုပြုနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပြင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျေးရွာအရောက်အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌကိုယ်စားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထက်ပိုင်လွင်မှ သင်တန်းသူများအားသင်တန်းကာလတစ်လျှောက် သင်ခန်းစာများအား သေချာစွာသင်ယူမှတ်သားရန်နှင့် သင်တန်းကာလပြီးဆုံးသွားသည့်အခါ သင်ယူတတ်မြောက်ထားသောပညာရပ်များကို ကောင်းမွန်စွာလက်တွေ့အသုံးချနိုင်ရန်အတွက်သင်တန်းအားကြိုးစားသင်ယူသင့်ကြောင်းအမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့တောင်ရှည်ကျေးရွာအုပ်စု၊တောင်ညိုကျေးရွာမှအမျိုးသမီးသင်တန်းသူ (၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်း ကာလ(၂)လကာလအတွင်းသင်တန်းနည်းပြဆရာဦးကျော်ကျော်ထိုက်မှ ဘာသာရပ်(၂၀)မျိုးကိုသင်ထောက်ကူပစ္စည်းအစုံအလင်ဖြင့် နေ့စဉ် နံနက်၉နာရီမှ ညနေ၄နာရီအချိန်အထိစာတွေ့လက်တွေ့အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။