အဓိကအကြောင်းအရာသို့ သွားမည်
x

အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

အမရပူရ ဇွန် ၁၆
ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍၁၇.၅.၂၀၂၁ရက်မှ၁၅.၆.၂၀၂၁ရက်ထိ(၁)လကြာဖွင့်လှစ်ခဲ့သည့် “အခြေခံစက်ချုပ်နည်းပညာသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို၁၅.၆.၂၀၂၁ရက်နေ့နံနက်(၀၉:၀၀)နာရီတွင်ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ကထိက/ဌာနမှူးများနှင့်ဆရာ/ဆရာမများ၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမန္တလေးတိုင်းဒေသကြီးမှဒုတိယညွှန်ကြားရေးမှူး၊မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိနှင့်သင်တန်းသူ(၁၅)ဦးဖြင့်စုစုပေါင်းအင်အား(၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဦးစီးမှူးကသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းအုပ်ကြီးမှသင်တန်းတွင်ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကိုဆုချီးမြှင့်ခဲ့ပြီးမန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးမှသင်တန်းသူများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။
အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင်လက်တွေ့သင်ကြားခြင်းမှထွက်ရှိလာသည့်အထည်များအားသင်တန်းသူတစ်ဦးချင်းစီအားအမှတ်တရပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။