အဓိကအကြောင်းအရာသို့ သွားမည်
x

ကောင်းမွန်သောရေနေသတ္တဝါမွေးမြူရေကျင့်စဉ်သင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဉီးစီးဌာန၏ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(Good Aquaculture Practices- GAqP)သင်တန်း(ဒုတိယအကြိမ်)ဆင်းပွဲအား (၁၆.၆.၂၀၂၁)ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှူးရုံးတွင် ကျင်းပ ခဲ့သည်။ 
အဆိုပါသင်တန်းဆင်းပွဲတွင် နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ညိုညိုအေးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းသို့ နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးရုံးများနှင့် ရေဆင်းငါးလုပ်ငန်းစခန်းတို့မှ ဝန်ထမ်း(၁၉)ဦးမှ တက်ရောက်ခဲ့ပြီး ဒုတိယအကြိမ် GAqPသင်တန်းအား(၁၅.၆.၂၀၂၁)ရက်နေ့ မှ (၁၆.၆.၂၀၂၁)ရက်နေ့အထိဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။