အဓိကအကြောင်းအရာသို့ သွားမည်
x

ယွန်းအတတ်ပညာဒီပလိုမာ ဒုတိယနှစ်သင်တန်းများဖွင့်လှစ်သင်ကြားလျက်ရှိ

နေပြည်တော် ဇွန် ၁၈

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)တွင် မြန်မာ့ရိုးရာလက်မှုအနုပညာကို တန်ဖိုးထားပြီး အစဉ်ထိန်းသိမ်းတတ်စေရန်၊ ယွန်းထည်ပစ္စည်းများ အရည်အသွေးကောင်းမွန်လာစေရန်၊ မြန်မာ့ယွန်းထည်ပစ္စည်းများ နိုင်ငံတကာဈေးကွက်ထိ ပိုမို ကျယ်ပြန့်လာစေရန်နှင့် ယွန်းလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယွန်းအတတ် ပညာဒီပလိုမာ(၂)နှစ်သင်တန်း၊ ယွန်းအတတ်ပညာ ဒီပလိုမာဘွဲ့လွန်(၁)နှစ်သင်တန်း၊ အထက်တန်း ယွန်းပညာ(၂)နှစ်သင်တန်းနှင့် ယွန်းနည်းပညာကာလတိုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

ယခုအခါ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယနှစ်ဝက်ပညာသင်ကာလ၏ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ဒုတိယနှစ်သင်တန်းကို ၂၀၂၁ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။

သင်တန်းတက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူများ၏ ဒုတိယနှစ်ဝက် စာမေးပွဲများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။