အဓိကအကြောင်းအရာသို့ သွားမည်
x

စက်မှုလယ်ယာဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ယင်းနားကုန်း ကျေးရွာ၌ တောင်သူများအား ဆေးဖျန်းကိရိယာ အသုံးပြုခြင်းသရုပ်ပြ

ကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၇၁)စက်မှုလယ်ယာဦးစီးဌာနက  တောင်သူများ နှမ်းမျိုးများစိုက်ပျိုးရာတွင် တွေ့ကြုံရသည့်လယ်ယာလုပ်သား ရှားပါးခြင်းများ ပြေလျော့ပြီး ကုန်ကျမှုသက်သာစေရန် ဆေးဖျန်းကိရိယာအသုံးပြု ဆေးဖျန်းနည်းစနစ် (Self Propelled Boom Sprayer)ကို ဇွန် ၁၉ ရက် နံနက် ၉ နာရီက မြို့သစ်မြို့နယ် ယင်းနားကုန်း ကျေးရွာ ကွင်းအမှတ် ၂၆၀၈(ခ)၌ သရုပ်ပြသ ဆောင်ရွက်ကြောင်းသိရသည်။

            အဆိုပါ ကွင်းသရုပ်ပြပွဲတွင် အမှတ်(၇၁)စက်မှုလယ်ယာဦးစီးဌာနစခန်း (တောင်တွင်း)မှ မြို့နယ်ဦးစီးမှူး ဦးအောင်မိုးသူက ဆေးဖျန်းကိရိယာအသုံးပြုနည်း ရှင်းလင်းပြသရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တောင်သူများအား ဆေးဖျန်းကိရိယာ အသုံးပြုနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့ သရုပ်ပြရှင်းလင်းပြသကြသည်။

            အဆိုပါဆေးဖျန်းကိရိယာကို တစ်လုံးထိုးဒီဇယ်အင်ဂျင်အမျိုးအစားဖြင့် ပြုလုပ်ထားပြီး ဆေးရည်ဝင်ဆံ့သည့်ပမာဏ လီတာ ၃၀၀ ဖြစ်ကာ တစ်ကြိမ်လျှင်ဆေးဖျန်းနိုင်သည့်အကျယ် မီတာ ၂၀ ပက်ဖျန်းနိုင်ကြောင်းနှင့် စက်တန်ဖိုးမှာ ငွေကျပ် ၁၂၅ သိန်း ဖြစ်ကြောင်း သိရသည်။