အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

စက်မှုလယ်ယာဦးစီးဌာနမှတာဝန်ယူကျင်းပသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၁ ရက်နံနက် ၈:၃၀ နာရီက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားခန်းမ၌  ကျင်းပပါသည်။

            ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးမှ တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြပါသည်။ ပြိုင်ပွဲသို့ အသင်း(၁၀)သင်း ဝင်ရောက် ယှဉ်ပြိုင်ပြီး ပထမဆု ကျပ်(၅၀၀၀၀ဝိ)၊ ဒုတိယဆု ကျပ်(၃၀၀၀၀ဝိ)၊ တတိယဆု ကျပ်(၂၀၀၀၀ဝိ) နှင့် နှစ်သိမ့်ဆု ကျပ်(၁၀၀၀၀ဝိ) ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။