အဓိကအကြောင်းအရာသို့ သွားမည်
x

ပဲခူးငါးလုပ်ငန်းသင်တန်းကျောင်းတွင် အခြေခံငါးဆေးထိုးသားပေါက်သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၊ ပဲခူးမြို့တွင် (၂၁.၆.၂၀၂၁)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီငါးမွေးမြူခြင်းဆိုင်ရာအခြေခံဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးထွန်းဝင်းမြင့်မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ ခရိုင်/မြို့နယ်ဦးစီးဌာနမှူးများ၊ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး၊ ပဲခူးခရိုင်အတွင်း ငါးမွေးတောင်သူများ၊ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်း သား/သူ(၂၃)ဦးဖြင့် သင်တန်းဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းကာလမှာ စာတွေ့/ လက်တွေ (၂၁.၆.၂၀၂၁) ရက်နေ့မှ (၂၃.၆.၂၀၂၁)ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။