အဓိကအကြောင်းအရာသို့ သွားမည်
x

မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ချေးငွေ ကျပ်သိန်းပေါင်း ၁၉၁၄၀ကျော်လျာထားထုတ်ချေးပေးလျက်ရှိ

ပဲခူး ဇွန် ၂၃

            ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ဒေသဆင်းရဲနှုန်းလျှော့ချနိုင်ရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်ချေးငွေကျပ်သိန်းပေါင်း ၁၉၁၄၀ကျော် လျာထားထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိကျေးရွာပေါင်း ၃၈ရွာကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

            မင်းလှမြို့နယ်၌ မြစိမ်းရောင်ချေးငွေများကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလမှ ယခုနှစ် ဇွန်လအထိ ကျေးရွာပေါင်း၄၄ရွာ ယူနစ်ပေါင်း ၄၃ယူနစ်ထုတ်ချေးပေးသွားမည်ဖြစ်ရာ ယနေ့အထိ ကျေးရွာပေါင်း ၃၇ရွာ၊ယူနစ်ပေါင်း ၃၇ယူနစ်တို့အတွက် စိုက်ပျိုးရေး၊မွေးမြူးရေး၊မီးလင်းရး၊ ကုန်ထုတ်လုပ်ငန်း၊အရောင်းအဝယ်စသည့် ဝင်ငွေတိုးပွာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်းပေါင်း ၁၇၁၀၀ကိုထုတ်ချေးပေးနိုင်ခဲ့ကြောင်း ကျန်ရှိသော ကျေးရွာခြောက်ရွာ ယူနစ် ခြောက်ယူနစ်တို့အတွက် ဩဂုတ်လကုန်အထိ နှစ်လထပ်တိုးပြီး ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါချေးငွေများထုတ်ချေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ်မြစိမ်းရောင်ကော်မတီဝင်တို့ပူးပေါင်း၍ အသင်းသား များထံကျေးရွာအရောက် မြစိမ်းရောင်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။