အဓိကအကြောင်းအရာသို့ သွားမည်
x

ရွှေကြက်ယက်ဆိပ်ကမ်းအနီး ဧရာဝတီမြစ်အတွင်းသို့ ငါးကောင်ရေ ဆယ်သိန်း မျိုးစိုက်ထည့်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ်ကမ်းအနီး ဧရာဝတီမြစ် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို (၉.၇.၂၀၂၁)ရက်နေ့ နံနက်(၈:၃၀)နာရီက အဆိုပါ ဆိပ်ကမ်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ထွန်း၊ မန္တလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနတာဝန်ခံ ဦးဌေးမင်း၊ အမရပူရမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟန်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်တေဇ၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်လေးလေးသွဲ့၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကွဲရေး ကော်မတီအဖွဲ့ဝင်များ၊ သရက်ကုန်းငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးထွန်းနောင်ဝင်းနှင့် ဝန်ထမ်းများ၊ နတ်ရေကန်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများ၊ ကူမဲငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးစောအောင်ကိုလတ်နှင့်ဝန်ထမ်းများတက်ရောက်ကြပြီး သရက်ကုန်းငါးစခန်းမှ ငါးမြစ်ချင်းကောင်ရေ(၁)သိန်း၊ ငါးခုံးမကြီးကောင်ရေ(၁)သိန်း၊ ကူမဲငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ကောင်ရေ(၄)သိန်း၊ နတ်ရေကန်ငါးစခန်းမှ ငါးမြစ်ချင်းကောင်ရေ(၂)သိန်း၊ ငါးခုံးမကြီးကောင်ရေ (၂)သိန်း၊ စုစုပေါင်း ငါးမြစ်ချင်းငါးကောင်ရေ(၇)သိန်းနှင့် ငါးခုံးမကောင်ရေ(၃)သိန်းတို့အား မျိုးစိုက် ထည့်ခဲ့ကြောင်း သိရသည်။