အဓိကအကြောင်းအရာသို့ သွားမည်
x

ပန်းတနော်မြို့နယ် အကွီချောင်းအတွင်း ငါးသားပေါက် ငါးသိန်းမျိုးစိုက်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အကွီကျေးရွာအုပ်စု ငါးသယံဇာတ ထိန်းသိမ်း ရေးဇုံ အကွီချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပါသည့်အခမ်းအနားကို (၁၀.၇.၂၀၂၁)ရက်နေ့က အဆိုပါချောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပန်းတနော်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ ပန်းတနော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ ပန်းတနော်ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်သင်းပပထွန်းနှင့်ဝန်ထမ်းများ အင်းသားကြီးများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများမှ အကွီချောင်းအတွင်း ငါးမြစ်ချင်းကောင်ရေ(၂)သိန်း ငါးခုံးမကြီးကောင်ရေ(၂)သိန်း ရွှေဝါငါးကြင်း ကောင်ရေ(၁)သိန်း စုစုပေါင်း ငါးသားပေါက် ကောင်ရေ(၅)သိန်းအား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။