အဓိကအကြောင်းအရာသို့ သွားမည်
x

တိရစ္ဆာန်အစာပင်( Ever Green Grass) မြက်မျိုး လက်တွေ့စိုက်ပျိုးမှုနှင့် မြက်/ပြောင်းချဉ်ဖတ် ပြုလုပ်မှု လက်တွေ့သင်တန်းကျင်းပခြင်း

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် (၁၀-၇-၂၀၂၁)ရက် နံနက် (၈)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့၏ ဌာနပိုင် မြေကွက်တွင် ကျင်းပ သည့်  အဲဗာဂရင်းဂရပ်စ် (Ever Green Grass) မြက်လက်တွေ့စိုက်ပျိုးခြင်းသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ ခရိုင်၊ မြို့နယ်၊ ဦးစီးဌာန မှူးများ၊ လယ်ဝေးမြို့နယ်၏ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၊ သက်ဆိုင်ရာမြို့နယ်အလိုက် မွေးမြူသူတစ်ဦးစီ တက်ရောက်ခဲ့ကြပါသည်။

Ever Green Grass မြက်လက်တွေ့စိုက်ပျိုးခြင်းသင်တန်းကို ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းသားများက COVID 19 ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လက်တွေ့စိုက်ပျိုး ခဲ့ကြပါသည်။ တိရစ္ဆာန်အစာပင်စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များက  Ever Green Grass စိုက်ပျိုး နည်းစနစ်၊ စိုက်ပျိုးရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် (၁)ဧက စိုက်ပျိုးပါက နွား(၁၁) ကောင်အတွက် တိရစ္ဆာန်အစာထွက်နှုန်း တန်(၁၀၀)ကျော်ခန့် ထွက်ရှိပြီး တစ်နှစ်အတွင်း အစာ လုံလောက်မှုရှိနိုင်ကြောင်း Ever Green Grass ၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများနှင့် သင်တန်းသားများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပါသည်။  ဆက်လက်၍ အဆိုပါသင်တန်းသားများသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နေပြည်တော် နို့စားနွားမွေးမြူရေးခြံ၌ မြက်ချဉ်ဖတ်၊ ပြောင်းချဉ်ဖတ် လက်တွေ့ပြုလုပ်ဆောင်ရွက်သည့်နည်း စနစ်များအား လေ့လာခဲ့ကြသည်။

          ဤသင်တန်းသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အရာထမ်းများနှင့် မွေးမြူသူ တောင်သူများပါ တက်ရောက်ခဲ့ကြပြီး မိမိသက်ဆိုင်ရာနယ်မြေဒေသတွင် အမှန်တကယ် စံပြ စိုက်ပျိုးကာ ဒေသရှိ မွေးမြူသူများအတွင်း တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေး မွေးမြူသည့်စနစ် ဆက်လက်ပြန့်ပွားကျင့်သုံးလာစေခြင်းဖြင့် ဒေသရှိ  တိရစ္ဆာန်များ အစာလုံလောက်စွာ ရရှိနိုင်ပြီး ဈေးကွက်ဝင် တိရစ္ဆာန်များ အချိန်တိုတိုအတွင်း လျင်မြန်စွာ ရောက်ရှိ၍ ဒေသစီးပွားရေးကို အထောက်အကူပြုမည် ဖြစ်ပေသည်