ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ် ပေါင်းလောင်းချောင်းအတွင်း ငါးမျိုးများစိုက်ထည့်
ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းချောင်းအတွင်းသို့ငါးမျိုး များစိုက်ထည့်ရန် အတွက် ငါးသားပေါက်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို (၁၅.၇.၂၀၂၁)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်ရွှေငါးလုပ်ငန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခွန်ရဲထွေးအောင်၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များဖြစ်သော ဦးခွန်လှသိန်း၊ ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယပြည်နယ်မှူး ဦးကျော်သီဟထွေး၊ မြို့နယ်ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းဦး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးမှူး ဦးကျော်ကျော်ဦး နှင့် ညောင်ရွှေငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိမိခိုင်နှင့်ဝန်ထမ်းများ တက်ရောက်၍ ညောင်ရွှေငါးလုပ်ငန်း စခန်းမှ သားဖောက်ထုတ်လုပ်သော (၂) လက်မအရွယ် ငါးဖိန်းသားပေါက်ကောင်ရေ ၅၀၀၀၀ ၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁၀၀၀၀၀၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ ၂၅၀၀၀ ၊ ငွေရောင်ငါးကြင်းသားပေါက်ကောင်ရေ ၂၅၀၀၀ ၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၂၀၀၀၀၀ အား ပင်လောင်းမြို့နယ် ၊ ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။