အဓိကအကြောင်းအရာသို့ သွားမည်
x

ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက် နေပြည်သူများ စားနပ်ရိက္ခာဖူလုံစေပြီး ငါးသယံဇာတတိုးပွားစေရန်ရည်ရွယ်၍ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို (၂.၈.၂၀၂၁)ရက်နေ့ နံနက်(၉) နာရီအချိန် က အမှတ်(၃)ရပ်ကွက်ရှိ ကျောက်တန်းဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ်ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင်ငါးမျိုးများစဉ်ဆက်မပြတ်တည်ရှိစေ ရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့်ငါးမျိုးများကို ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုး များစိုက်ထည့်လျက်ရှိပါသည်။

အဆိုပါငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဒေါ်တင်ဆန်း၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ဦးအောင် ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းအောင်မော်နှင့်ဝန်ထမ်းများ၊ အင်ကြင်းကုန်းငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးမောင်စိုးနှင့် ဝန်ထမ်းများ၊ ရေလုပ်ငန်းရှင်များ စုပေါင်း၍ ဧရာဝတီမြစ်အတွင်းသို့ အင်ကြင်းကုန်းငါးလုပ်ငန်းစခန်းမှ ၂ လက်မအရွယ်ရှိ ငါးသား ပေါက်များအဖြစ် ငါးမြစ်ချင်း ကောင်ရေ(၁၅၀၀၀၀)နှင့် ငါးခုံးမကောင်ရေ (၁၀၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀) ကို စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။