အဓိကအကြောင်းအရာသို့ သွားမည်
x

ဗန်းမော်မြို့ ဂေါက်ကွင်းရှိ ငါးမွေးကန်များအတွင်း ငါးမျိုးစိုက်ထည့်

ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်လွင် ၊ဒုတိယဗိုလ်မှူးကြီး ဆန်းနောင်ဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်ငါးမျိုးစိုက်ထည့်ရေးအဖွဲ့နှင့် ခရိုင်ဆင့်ဌာနဆိုင်ရာများ အဖွဲ့တို့ သည် ဗန်းမော်မြို့ဂေါက်ကွင်းအတွင်းရှိ ငါးမွေးကန်များသို့ ဗန်းမော်ငါးလုပ်ငန်းစခန်းမှ ၂ လက်မအောက်ခံအရွယ်ရှိ ငါးခုံးမကြီးကောင်ရေ(၅၀၀၀)တို့ကို (၃.၈.၂၀၂၁)ရက်နေ့တွင် ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။