အဓိကအကြောင်းအရာသို့ သွားမည်
x

မတ္တရာမြို့နယ် သဘာဝရေပြင်အတွင်းငါးမျိုးများစိုက်ထည့်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေး လက်နေပြည်သူများ ငါးရိက္ခာပိုမိုဖမ်းယူစားသုံးနိုင်ရေးနှင့် သဘာဝတွင် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေးအတွက် (၄.၈.၂၀၂၁)ရက်နေ့ (၈)နာရီအချိန်တွင် မတ္တရာမြို့နယ် စကျင်ကျေးရွာအနီးရှိ ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိသော သဘာဝရေပြင် အတွင်းသို့ ၂လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၆)သိန်းနှင့် ငါးခုံးမကြီး ကောင်ရေ (၃)သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ(၉)သိန်းအားငါးမျိုးစိုက်ထည့်ပေးခဲ့ပါသည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ ပြင်ဉီးလွင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သန်း၊ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန ဒုတိယဦးစီးမှူး ဦးချစ်ကို၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်းများမှ ဝန်ထမ်းများတက်ရောက်၍ ရေနံသာငါးလုပ်ငန်းစခန်း၊ သရက်ကုန်းငါးလုပ်ငန်းစခန်း၊ နတ်ရေ ကန်ငါးလုပ်ငန်းစခန်း၊ ကူမဲငါးလုပ်ငန်းစခန်းတို့မှထုတ်လုပ်သော ငါးသားပေါက် ကောင်ရေ (၉)သိန်းအား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။