အဓိကအကြောင်းအရာသို့ သွားမည်
x

ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်သဘာဝရေပြင်အတွင်း ငါးကောင်ရေ သုံသိန်းမျိုးစိုက်ထည့်

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုး တက် စေရေး၊ လူတစ်ဦးချင်းငါးစားသုံးမှုတိုးတက်လာစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှပြုလုပ်သည့် ဧရာဝတီမြစ် သဘာဝရေပြင်အတွင်းသို့ အုတ်ဖိုငါးလုပ်ငန်း စခန်းမှ ၂ လက္မအရွယ် ငါးမြစ်ချင်း ၁  သိန်း၊ ရွှေဝါငါးကြင်း  ၁ သိန်း၊ ငါးခုံးမ ၁ သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၃ သိန်းအား ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်နိုင်နှင့် မြို့နယ် ငါးသယံဇာတထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်များ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် အုတ်ဖိုငါးလုပ်ငန်းစခန်းတို့မှ ဝန်ထမ်းများမှ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။