အဓိကအကြောင်းအရာသို့ သွားမည်
x

ဗန်းမော်မြို့ တာပိန်ချောင်းအတွင်း ငါးမျိုးများစိုက်ထည့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ သဘာဝမြစ် ချောင်း အင်း အိုင် ဆည်တမံများ တွင် ရေရှည်စဉ်ဆက်မပြတ်ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်နေပြည်သူ များ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများတိုးပွားလာစေရန် ရည်ရွယ်၍ ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြသိန်း ဦးဆောင်၍ ဗန်းမော်မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့တို့သည် ၁၅-၈-၂၀၂၁ ရက်နေ့က တာပိန်ချောင်းအတွင်းသို့ ဗန်းမော်ငါးလုပ်ငန်းစခန်းမှ သားဖောက်ထုတ်လုပ်သော ၂လက်မအောက်ခံအရွယ်ရှိ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၃၀၀၀၀ နှင့် ငါးခုံးမကြီးသားပေါက် ၁၀၀၀၀ကောင် အား ငါးမျိုးများ စိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။