အဓိကအကြောင်းအရာသို့ သွားမည်
x

ကဝမြို့နယ် ခမဲပြင်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း

သဘာဝမြစ် ချောင်း အင်း အိုင် ဆည် တမံ ကန်များတွင် ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးလာစေရန်နှင့် ငါးရိက္ခာများပိုမိုရရှိစေရန်တို့ကိုရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ခမဲပြင်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ၁၆.၈.၂၀၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ 

          အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးဌာနမှူး ဦးစိုးမင်း၊ ပဲခူး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ဖုန်း နှင့် ဝန်ထမ်းများ၊ ပဲခူးငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးသူရမိုးအောင်၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်မူ့ ကော်မတီအဖွဲဝင်များမှ ပဲခူးငါးလုပ်ငန်းစခန်းမှထုတ်လုပ်သော ၂ လက်မအရွယ် ငါးသားပေါက် ကောင်ရေ စုစုပေါင်း ၃၄၀၀၀၀ ကို ခမဲပြင်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။