အဓိကအကြောင်းအရာသို့ သွားမည်
x

ကန်ကြီးထောင့်မြို့နယ် သဘာဝရေပြင်အတွင်း ငါးသားပေါက် ငါးမျိုးများ စိုက်ထည့်ခြင်း

ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝတွင် ငါးသယံဇာတများရေရှည်တည်တံစေရန်၊ ကျေးလက်နေ ရေလုပ်သားများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးလုပ်ငန်း များပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက် သဘာဝရေပြင်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဩဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ပုသိမ်-ရန်ကုန်သွားကားလမ်းဘေး ကွင်းယားအရှေ့ရှိသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းမြင့်စော၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ ခရိုင်ငါးမျိုး စိုက်ထည့်ရေးကော်မတီဝင်များ၊ ခရိုင်အဆင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကန်ကြီးထောင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်း များ၊ ရေလုပ်ငန်းရှင်များတက်ရောက်၍ ၂လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ သုံးသိန်း နှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ နှစ်သိန်းခွဲ၊ စုစုပေါင်းငါးကောင်ရေ ငါးသိန်းငါးသောင်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။