အဓိကအကြောင်းအရာသို့ သွားမည်
x

တံတားဦးမြို့နယ် ဆင်ကျုံးခံတပ်အနီး ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးမပြုန်းတီးစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်မြင့်မာလာစေရေး၊ ကျေးလက်နေပြည်သူများ ငါးစားသုံးမှုမြင့်မားလာစေ ရေးတို့ကိုရည်ရွယ်၍ ဩဂုတ် ၂၀ရက် နံနက် ၉:၀၀ နာရီ အချိန်တွင် ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်၊ ဆင်ကျုံးခံတပ်အနီး ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊  တံတားဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးသန်းနိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်ဦး၊ မြို့နယ်အဆင့်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဝင်များ၊ မီးသွေးတိုက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ နတ်ရေကန်ငါးစခန်းတာဝန်ခံဒေါ်အေးအေးမော် နှင့်ဝန်ထမ်းများ၊ ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့်ဝန်ထမ်းများ၊  မြို့နယ် ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများမှ နတ်ရေကန်ငါးစခန်းနှင့် ကူမဲငါးစခန်းတို့မှ သား ဖောက်ထုတ်လုပ်သော ၂ လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၇၅၀၀၀၀နှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ စုစုပေါင်းကောင်ရေ ၉၀၀၀၀၀ အား မျိုးစိုက်ထည့်ခဲ့ ကြောင်း သိရသည်။