အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်ငူမြို့နှင့် ဖြူးမြို့များတွင် ငါးများဈေးနှုန်းချိုသာစွာရောင်းချပေး

တောင်ငူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ညှိနှိုင်း ပေါင်း စပ်၍ စက်တင်ဘာ ၁၆ ရက်နေ့က တောင်ငူမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်း ကိုဗစ်-၁၉ Stay at Home ကာလ တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်နှင့် အုတ်ကျွတ်တန်း ရပ်ကွက်အတွင်းရှိ ပြည်သူများအား ငါးများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လတ်ဆတ် သော ငါးမြစ်ချင်းငါးများ(ပိသာချိန် ၅၀၊ ကောင်ရေ ၁၅၀)ကို သက်သာသောစျေးနှုန်းဖြင့် (ဒုတိယအကြိမ်) လှည့်လည့်ရောင်းချပေးခဲ့သည်။ အလားတူ တောင်ငူခရိုင် ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာ ၁၇ ရက်က ငါးမြစ်ချင်းငါးပိဿာချိန်၆၀(ကောင်ရေ၁၂၀) ကို စျေးနူန်းချိုသာစွာဖြင့် မြို့မအရှေ့ရပ်ကွက်တွင် လှည့်လည် ဖြန့်ဖြူးရောင်းချ ပေးခဲ့ ကြောင်းသိရသည်။