အဓိကအကြောင်းအရာသို့ သွားမည်
x

ရွှေဘိုမြို့တွင် အခြေခံငါးမွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုငါးလုပ်ငန်းစခန်းတွင် အခြေခံ ငါးမွေးမြူရေး နှင့် ရေချိုငါးများ ဆေးထိုးသားဖောက်နည်း ပညာပေး သင်တန်း အား စက်တင်ဘာလ ၁၇ ရက်​မှ ၁၉ ရက် နေ့အထိ ဖွင့်လှစ်သည့်အခမ်းအနားကို ရွှေဘိုငါးလုပ်ငန်းစခန်းတွင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်သန်းဦးမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှဆောင်ရွက်နေသည့် သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ၊ နည်ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွှေဘိုခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များနှင့် သင်တန်းသား ၂၀ဦး တက်ရောက်ခဲ့သည်။ ရွှေဘိုမြို့နယ်မှ ငါးမွေးကန်လုပ်ငန်းဆောင်ရွက်နေသူများ တက်ရောက်ပြီး သင်တန်းကာလ ၃ရက် အတွင်း စာတွေ့လက်တွေ့ကို စခန်းတာဝန်ခံ ဦးဇော်ဝင်းအောင်နှင့် ဝန်ထမ်းများက ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။