အဓိကအကြောင်းအရာသို့ သွားမည်
x

ရေချိုငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေးဗဟိုဌာနတွင် ငါးလုပ်ငန်းဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းသည် ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်နိုင်သိန်းလိုက်ပါလျက် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးများ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌတို့ ပါဝင်သော အဖွဲ့သည် အောက်တိုဘာ ၅ ရက် နံနက် ၉:၃၀ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ် ကဒက်ချောင်းတစ်လျှောက်ရှိ ကမ်းနီးငါးဖမ်းရေယာဉ်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်သံဇကာပိုက် ၆ ဖုံ အရှည်ပေ ၁၀၈၀၀ အား သိမ်းဆည်း၍ သထုံငါးလုပ်ငန်း စခန်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။