အဓိကအကြောင်းအရာသို့ သွားမည်
x

ရှောက်၊ လိမ္မော်ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲကျင်းပမည်

လိမ္မော်သီးသည်မြန်မာနိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင်ရေပန်းစားသော ဗီတာမင်စီနှင့် အခြားအာဟာရဓာတ်များကြွယ်ဝသည့်သစ်သီးတစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ကချင်၊ ရှမ်း၊ ချင်းပြည်နယ်များနှင့် မန္တလေးတိုင်းတို့သည် လိမ္မော် စိုက် ပျိုး ဖြစ်ထွန်းရာ ဒေသများဖြစ်သည်။ သို့ရာတွင် ပြည်တွင်းဈေးကွက်၌ အိမ်နီးချင်း နိုင်ငံ အချို့နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့မှ တင်သွင်းသည့် လိမ္မော်သီးများနှင့် ပြည်တွင်း ထုတ် အသီးများသည် ကြီးမားသောဈေးကွက်ယှဉ်ပြိုင်မှုတစ်ခုအဖြစ် မျက် မှောက်ကာလ တွင် ကြုံတွေ့ရလျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်မှုတွင်လည်း ပြည်တွင်း တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရ သည့် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများနှင့် ဈေးကွက်အခက်အခဲ များကြောင့် အစားထိုးသီးနှံ စိုက်ပျိုးခြင်း၊ လိမ္မော်စိုက်ဧရိယာ လျော့ကျလာခြင်းတို့သည် မြန်မာ့လိမ္မော်ကဏ္ဍအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာပါသည်။  သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် လိမ္မော် မျိုးများနှင့် ရှောက်မျိုးရင်းဝင် သစ်သီးပင်များ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် ကွင်းပြပွဲ၊ ပြိုင်ပွဲနှင့် နှီးနှော ဖလှယ်ပွဲကို ဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံ ကိန်းဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့ ပူးပေါင်းကာ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင်ကျင်းပပြု လုပ်သွား မည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

(က) လိမ္မော်မျိုးများအပါအဝင် ရှောက်မျိုးရင်းဝင်သစ်သီးပင်များ နှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များရရှိရေး၊ အထွက်နှုန်းနှင့် အရည်အသွေးများ တိုးတက် ရေး။

(ခ) စားသုံးမှုလုံခြုံစိတ်ချရသည့် ထွက်ကုန်ပစ္စည်း များရရှိစေရေးနှင့် ပြည်ပပို့ ကုန်များ တို့မြှင့်စေရေး။

(ဂ) ဈေးကွက်ခိုင်မာစွာရရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်း သက်သာစေမည့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ ပိုးမွှားရောဂါ များဆိုင်ရာ ပြဿနာများနှင့် သွင်းအားစုရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခက်အခဲ များကို ပြေလည်စေရန် ရည်ရွယ်ကာကျင်းပရခြင်းဖြစ်ပါသည်။

ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲအစီအစဉ်များ

      ပြပွဲတွင် မြန်မာတစ်နိုင်ငံလုံးမှ ရှောက်လိမ္မော်မျိုးကွဲမျိုးစုံများ၊ သံပုရာ၊ ကျွဲကော နှင့်ကဗ္ဗလာသီး၊ ဂရိတ်ဖရုသီးစသည့် သစ်သီးမျိုးစုံကို ပြသထားမည်ဖြစ်ပါသည်။ တောင် သူများကြုံ တွေ့နေရသည့် မျိုး၊ သွင်းအားစု၊ ဈေးကွက်၊ စိုက်စနစ်၊ ရေ၊ မြေ စသည့် စိုက် ရေးပျိုးရေးပြဿနာများကို ဖြေရှင်းပေးရန် စိုက်ပျိုးရေးပညာရှင်များက ဆွေးနွေးအဖြေရှာပေးမည်ဖြစ်ပါသည်။ ပြခန်းများအနေဖြင့် (က) ကျွဲကောအုပ်စုပြ ခန်း၊ (ခ) လိမ္မော်အုပ်စုပြခန်းနှင့် (ဂ) ရှောက်သံပုရာအုပ်စုပြခန်းဟူ၍ ပြခန်းကြီး (၃) ခန်းအဓိကထားပြသထားမည်ဖြစ်ပြီး အခြားပြခန်းများအနေဖြင့်  ပညာပေးပြခန်းများ တွင် ဗီနိုင်းပိုစတာနှင့် ဗွီဒီယိုကလစ်များ ပြခန်း၊ Plant Clinic ပြခန်း၊ ကိုင်းကူး ကိုင်းဆက် နည်းပညာလက်တွေ့ ပြသခြင်း၊ စျေးကွက်သတင်းအချက် အလက် အသိပ ညာ ပေး ပြသခြင်း ပြခန်းများနှင့် ပုဂ္ဂလိကပြခန်းများအနေဖြင့် စိုက်ပျိုးရေး သွင်းအားစုပြခန်းများများဖြစ်သည့် ဓာတ်မြေသြဇာနှင့် အပင်အာဟာရသွင်းအား စုများပြခန်း၊ ပိုး/မှိုသတ် ဆေးများ ပြခန်း၊ လုပ်ငန်းသုံးစက်ပစ္စည်း/ ကိရိယာများ ပြခန်း တို့ကိုစုံစုံလင်လင်ပြသထားမည်ဖြစ်ပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင်လည်း သက်ဆိုင်ရာ ပညာရှင် (၅) ဦးတို့သည် မြန်မာနိုင်ငံရှိ လိမ္မော်စိုက်ပျိုးထုတ်လုပ်မှု အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများ ကြား အတွေ့အကြုံများ ဖလှယ်ခြင်း၊ လိမ္မော်စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ မြေပြင်အခက်အခဲနှင့်ပြဿနာများကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာခြင်း၊ ပြည်ပမှလိမ္မော်သီးနှံ သွင်းကုန်အစားထိုးခြင်း (သို့မဟုတ်) လျော့ချနိုင်မည့် အစီ အစဉ်များ အဆိုပြု ဖော်ထုတ်ကြရန်နှင့်လိမ္မော်စိုက်ပျိုး ထုတ်လုပ်သူများနှင့် သက်ဆိုင်ရာပညာရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှုကွန် ယက်တိုး ချဲ့တည်ဆောက်ရန်စသည့် ၎င်းတို့၏အတွေ့အကြုံများကို စင်မြင့်ထက်တွင် ဆွေးနွေးပွဲပြုလုပ်ကာ ရှင်းလင်းပြော ကြား ဆွေးနွေးပေးမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင ်ရောက်ယှဉ်ပြိုင်သူများ အတွက်လည်း သစ်သီးအုပ်စုများဖြစ်သည့် ကျွဲကောအုပ်စု၊ လိမ္မော်အုပ်စုနှင့် ရှောက်သံပုရာအုပ်စုဟူ၍ သတ်မှတ်ထားရှိပြီး ပထဆု၊ ဒုတိယဆု၊ အထူးဆု၊ နှစ်သိမ့်ဆုများချီးမြှင့်ပေးကာ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ် တမ်းများပေး အပ်ကာ ဂုဏ်ပြုပေးမည်ဖြစ်ပါသည်။ လာရောက်လေ့လာသူများ အဆင် ပြေစေရေး အတွက် ကျန်းမာရေး၊ နေထိုင်သွားလာရေးနှင့် စားသောက်ရေးကိစ္စများကို ဆပ်ကော် မတီ အသီးသီးကကူညီဖြေရှင်းပေးမည်ဖြစ်ပါသည်။

ရရှိနိုင်မည့်အကျိုးကျေးဇူးများ

စိုက်ပျိုးသူတောင်သူများ လက်တွေ့မြေပြင်တွင် ကြုံတွေ့နေရသော ပြဿ နာနှင့် အခက်အခဲများကို ပူးပေါင်း ဖြေရှင်း ပေးနိုင်မှသာလျှင် ရေရှည်တွင် မြန်မာ့လိမ္မော် သည် အခြေတင့်သော စီးပွား ရေး ကဏ္ဍတစ်ခုအဖြစ်ရပ်တည်နိုင်ပါမည်။ မြန်မာပြည်တစ် နှံတစ်လျားတွင် စိုက်ပျိုးနေ သော လိမ္မော်မျိုးများကို စုစည်းပြီး တစ် နေရာတည်းတွင် သတင်းအချက်အလက်စုံလင် စွာ ဖလှယ်နိုင်မည့် ဆွေးနွေးပွဲ စကားဝိုင်း သည် အနာဂတ် ကာလ လိမ္မော်စိုက်ပျိုးထုတ် လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ဆောင်နိုင် ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။

            လိမ္မော်မျိုးများနှင့် ရှောက်မျိုးရင်းဝင်သစ်သီးပင်များ စိုက်ပျိုးထုတ်လုပ်မှု ကွင်း ဆက်တစ်လျောက်တွင် ပါဝင်ပတ်သက်နေသည့် စိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းဝယ် ဖောက်ကားနေသူများ၊ စားသုံးသူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာ များ၊ အလားအလာကောင်း အရည်အသွေးကောင်းသော မျိုးသစ်များ၊ ဒေသအလိုက်ဖြစ် ထွန်းအောင်မြင်နေမှုများနှင့် စားသုံးမှုဆိုင်ရာ အကျိုးကျေးဇူးများ နှင့် သစ်သီးပင်များတွင် စက်ကရိယာများကို အသုံးပြုပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် စိုက်ပျိုးထုတ်လုပ် နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။