အဓိကအကြောင်းအရာသို့ သွားမည်
x

ဗီဇကွဲလွဲမှုကိုလေ့လာခြင်းအကြောင်းအသိပညာမျှဝေသည့်စာတမ်းဖတ်ပွဲကျင်းပ

နိုဝင်ဘာလ(၁၆)ရက်မွန်းလွဲ(၂:၀၀)နာရီအချိန်ကစိုက်ပျိုးရေးသုတေသနဦးစီးဌာနနဝရတ်အစည်းအဝေးခန်းမ၌နိုင်ငံခြားပြန်ပညာတော်သင်များ၏ ပညာသင်ကာလ အတွင်းတွေ့ကြုံ ကျော်ဖြတ်ခဲ့ရသောအခက်အခဲများနှင့် ပညာသင်ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသနစာတမ်း အကြောင်း အသိပညာမျှဝေသည့် သုတေသနစာတမ်းဖတ်ပွဲ  တစ်ရပ်ကိုကျင်းပခဲ့ပါသည်။

          စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၏ရှေ့ဆက်ဆောင်ရွက်သွားမည့်ရာသီဥတုနှင့်လိုက်လျောညီထွေရှိစေမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတွင်သုတေသီများအနေဖြင့် မိမိတို့ ဆောင်ရွက်နေသည့် သုတေသနအသီးသီးနှင့် ဆက်စပ်၍ အသိပညာ ဗဟုသုတများပိုမို ရရှိနိုင်စေရေးအတွက်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာထွန်းရွှေနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

          စာတမ်းဖတ်ပွဲ၌စာတမ်းရှင်ဖြစ်သည့်စပါးသီးနှံသုတေသနဌာနမှသုတေသနလက်ထောက်-၂၊ဦးဇော်မိုးအောင်ကအိန္ဒိယသမ္မတနိုင်ငံHaryanaပြည်နယ် ChaudharyCharan Singh Haryana  Agricultural University (CCS HAU),Hisarတွင်Indian Council for Cultural Relations (ICCR) Program ၏ အထောက်အပံ့ဖြင့် (၂၀.၈.၂၀၁၉) ရက်နေ့မှ(၃၀.၁၀.၂၀၂၁) ရက်နေ့ အထိ ဖွင့်လှစ် ပို့ချသော “အပင်မျိုးဗီဇနှင့် မျိုးစပ်မွေးမြူရေးဘာသာရပ်ဆိုင်ရာ” မဟာသိပ္ပံဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သောသင်တန်း အတွေ့အကြုံများနှင့် “ရွေးချယ်ထားသောကုလားပဲမျိုးများ၏ ဗီဇကွဲလွဲမှုကိုလေ့လာခြင်း”ခေါင်းစဉ်ဖြင့်  စာတမ်းဖတ်ကြားရာကုလားပဲမျိုး (H 19-92, H 19-97, H 19-116, H 19-72, H 19-98, CSJ 515, H 19-84, H 19-82, HK 19-8, HK 19-05, HK 19-17နှင့် HK19-14)မျိုးလိုင်းတို့တွင်ပျမ်းမျှတန်ဖိုးထက်တစ်ပင်ပါအစေ့အထွက်နှုန်းတွင် သိသိ သာသာမြင့်မားပြီး၎င်းမျိုးများသည်စံထားမျိုးထက် အထွက်နှုန်းမြင့်မားသော မျိုးများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ကုလားပဲမျိုးများဖြစ်သည့် Desi Type နှင့် Kabuli Type တို့၏ရုပ်ပိုင်းဆိုင်ရာမျိုးအုပ်စုခွဲခြားလေ့လာရာတွင် H19-77, H19-97, H19-98, H19-105, H19-107, H19-115, H19-116, HC5 နှင့် HK19-19မျိုးများသည်ပန်းပွင့်ရက်စောခြင်း၊ တစ်ပင်ပါသီးတောင့်အရေအတွက်များခြင်း၊ သီးတောင့်အလေးချိန်များခြင်း၊ အထွက် နှုန်းအများ ဆုံးရှိကြောင်းနှင့် ၎င်းမျိုးများအားမျိုးကူးစပ်ခြင်း လုပ်ငန်းများတွင်  မိဘမျိုးလိုင်းများ အဖြစ်အသုံးပြုပြီးကုလားပဲမျိုးမွေးမြူခြင်းလုပ်ငန်းများတွင်လည်းအသုံးပြုသင့်ကြောင်းတို့ကိုဗဟုသုတဖြစ်ဖွယ် မျှဝေဆွေးနွေးခဲ့ပြီးရှေ့ဆက်လက်၍ သင်တန်းတွင် လေ့လာသင်ယူခဲ့ သောအတွေ့အကြုံဗဟုသုတများကိုအခြေခံ၍ အမိမြန်မာနိုင်ငံတွင် ကုလားပဲမျိုး များမျိုးကူးစပ် မွေးမြူခြင်းဖြင့် ဒေသနှင့်ကိုက်ညီသောအထွက်ကောင်းမျိုးများ ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ သုတေသနပြု ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်းတို့ကိုစာတမ်းဖတ်ကြားခဲ့ပြီးတက်ရောက်လာကြသည့် သုတေသီ ပညာရှင် အသီးသီးမှ သိလိုသည်များအားမေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများပြု လုပ်ခဲ့ကြပါ ကြောင်းသတင်းရရှိပါသည်။