အဓိကအကြောင်းအရာသို့ သွားမည်
x

အမှတ်(၁၆)စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက် Baler သရုပ်ပြပွဲပြုလုပ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘလားအုပ်စု၊ ရွှေဖလား ကျေးရွာ၊ ကွင်းအမှတ်(၆၄၃)၊ တောင်သူဦးကိုဌေး၏ လယ်မြေ(၃)ဧကတွင် ကောက်ရိုးထုံးစက် Baler ဖြင့် ဆောင်ရွက်ခြင်းသရုပ်ပြပွဲကို (၂၆.၁၁.၂၀၂၁)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင်ပြုလုပ်ပါသည်။ သရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန၊ သာယာဝတီခရိုင် ဦးစီးဌာနမှူး၊  ခရိုင်အတွင်း ရှိစက်မှုလယ်ယာစခန်းများမှ မြို့နယ်ဦးစီးဌာနမှူးများနှင့် ဖိတ်ကြားထားသော ဒေသခံတောင်သူ (၃၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။