အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နေပြည်တော်၊ ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

၁။            စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံး(နေပြည်တော်)တွင် ခန့်ထားရန် အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားနိုင်ပါသည် -

စဉ်

ရာထူး

ရာထူးနေရာ

ပညာအရည်အချင်းသတ်မှတ်ချက်

၁။

ဒုတိယဦးစီးမှူး

ကျပ်(၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ)

(၂) နေရာ

B.C.Sc, B.C.Tech, BE(IT), ICT, LL.B ဆိုင်ရာ ဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။

၂။

အငယ်တန်းစာရေး

ကျပ်(၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ)

(၂) နေရာ

B.C.Sc, B.C.Tech, BE(IT), ICT, LL.B ဆိုင်ရာ ဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။

၂။             အထက်ဖော်ပြပါရာထူးနေရာများအတွက် လျှောက်ထားသူသည်-

                (က)         ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။

                ( ခ)          လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

                ( ဂ)          နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

                (ဃ)         ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

                ( င)          အနည်းဆုံးလုပ်သက် တစ်ဆက်တည်း (၃)နှစ် တာဝန်ထမ်းဆောင်ရမည်။

                ( စ)          လုပ်သက်(၂)နှစ်ပြည့်ပြီးချိန်တွင် ဌာနမှခေါ်ယူသော ရာထူးတိုးစာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။

               (ဆ)   လျှောက်ထားသူများသည်  Computer Training and Development နှင့် Computer Operation ‌and Security ကဏ္ဍတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လိုအပ်သောသင်တန်းများကို ဌာနမှ တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။                                             

၃။            လျှောက်လွှာတွင်ပါရှိသော အချက်အလက်များကို ပြည့်စုံစွာဖော်ပြရမည်။

၄။            လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည် -

      (က)         တက္ကသိုလ်ဝင်တန်းအောက်လက်မှတ်မိတ္တူ  (မူရင်းကို လူတွေ့လာရောက် ဖြေဆိုသည့်အခါ ပြသနိုင်ရမည်။)

      ( ခ)          ဘွဲ့လက်မှတ်(သို့)အောင်မြင်ကြောင်း ထောက်ခံချက်မိတ္တူ (မူရင်းကို လူတွေ့လာရောက်ဖြေဆိုသည့်အခါ ပြသနိုင်ရမည်။)

    ( ဂ)          (၃)လအတွင်း  ရယူထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာနှင့် ရဲစခန်းထောက်ခံချက်

                (ဃ)         လိုင်စင်ဓါတ်ပုံ (၃)ပုံ ( ၂လအတွင်း ရိုက်ကူးထားသော) (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကဒ်အမှတ်ရေးသားရန်။)

                ( င)          ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာမူရင်း

                ( စ)          အလုပ်သမားမှတ်ပုံတင်မိတ္တူ

                (ဆ)         နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ

                ( ဇ)          အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) မိတ္တူ

                (စျ)           ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ဌာနဆိုင်ရာပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

၅။            လျှောက်ထားသူများသည် စာမေးပွဲကြေး ကျပ် ၁၀၀၀ (ကျပ်တစ်ထောင်တိတိ)ကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ် ထားသည့် ပြည်ထောင်စုဝန်ကြီးရုံး၊ငွေစာရင်းအမှတ် MD-013608 သို့ ပေးသွင်းရမည်ဖြစ်ပါသည်။ သတ်မှတ်ထားသောလျှောက်လွှာကို ပြည်ထောင်စုဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲတွင် စာမေးပွဲကြေး ကျပ် ၁၀၀၀ (ကျပ်တစ်ထောင်တိတိ) ပေးသွင်းသည့် ချလန်မူရင်းပြသ၍ ၂၆-၁-၂၀၂၂ ရက် နံနက်(၁၀:၀၀)နာရီမှစတင်၍ ထုတ်ယူနိုင်ပါသည်။

၆။            လျှောက်ထားသူသည် ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်း နေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ပါသည်-

                မြန်မာစာ                                                  (၂)နာရီမေးခွန်း

                အင်္ဂလိပ်စာ                                               (၂)နာရီမေးခွန်း

                အထွေထွေဗဟုသုတ                                   (၂)နာရီမေးခွန်း

၇။            လျှောက်လွှာများကို လျှောက်လွှာထုတ်ယူရရှိသည့်နေရာသို့         ၃၁-၁-၂၀၂၂ ရက်၊ ညနေ (၁၆:၃၀)နာရီ နောက်ဆုံးထား၍ အရောက် ပြန်လည် ပေးပို့ရမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲကို ၁၂-၂-၂၀၂၂ ရက်၊ နံနက်(၁၀:၀၀)နာရီတွင် စတင်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ၇-၂-၂၀၂၂ ရက်မှ ၁၁-၂-၂၀၂၂ ရက်ထိ ပြည်ထောင်စုဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲတွင် ထုတ်ပေးမည်ဖြစ်ပါသည်။ ရေးဖြေအောင်မြင်သူများကို ၁၃-၂-၂၀၂၂ ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး လူတွေ့စစ်ဆေးချိန်တွင် အပိုဒ်(၄)ပါ စာရွက်စာတမ်းမူရင်းများ တင်ပြရမည်။

၈။            ပြည့်စုံခြင်းမရှိသော၊ အချိန်မီရောက်ရှိလာခြင်းမရှိသော လျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။  အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်း၊ ၀၆၇-၃၄၁၀၆၈၉ ၊ ၃၄၁၀၆၉၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (အကြောင်းအမျိုးမျိုးကြောင့် နေ့ရက်၊အချိန် ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြားပါမည်။