အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး)တောင်သူသင်တန်း အမှတ်စဉ်(၂/၂၀၂၁-၂၀၂၂)ဖွင့်လှစ်

 စက်မှုလယ်ယာဦးစီးဌာနသင်တန်းကျောင်း၊ ဘုရားကြီးမြို့တွင် လယ်ယာသုံးစက် ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၁-၂၀၂၂) ဖွင့်ပွဲအခမ်း အနားကို (၂၄.၁.၂၀၂၂)နေ့ နံနက်(၀၉:၀၀)နာရီတွင် သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး သင်တန်း ကျောင်း ကျောင်းအုပ်ကြီး ၊ ဆရာ ၊ဆရာမများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

      ဖွင့်ပွဲအခမ်းအနားတွင်  စက်မှုလယ်ယာသင်တန်းကျောင်း၊  ကျောင်းအုပ်ကြီးမှ အဖွင့် အမှာစကားပြောကြားပြီး  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့ ပါသည်။

      သင်တန်းသို့ ကချင်ပြည်နယ်၊  မွန်ပြည်နယ်၊  ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊   တနင်္သာရီတိုင်းဒေသကြီး   စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်  (၁၀)ခုမှ  သင်တန်းသား (၄၂)ဦး  တက်ရောက်ခဲ့ပြီး  သင်တန်းကာလမှာ (၂၄.၁.၂၀၂၂) မှ (၁၈.၂.၂၀၂၂)ထိ  ကြာမြင့်မည်ဖြစ်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပါသည်။