အဓိကအကြောင်းအရာသို့ သွားမည်
x

အမှတ်စဉ်(၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်လှစ်

စက်မှုလယ်ယာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန တို့ပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ်(၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို (၇.၂.၂၀၂၂၂)ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင်  နည်းပညာ အထက်တန်းကျောင်း(ဘားအံ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်တကွ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။ ပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းဖွင့်လှစ်ခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများကို အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအား စက်မှုလယ်ယာ ဦးစီးဌာန ပြည်နယ်မှူး ဦးခင်မောင်သန်း မှလည်းကောင်း၊ သင်တန်းအကျိုးကျေးဇူး ရရှိပုံကို နည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်နန်းမိုးမိုးကြည်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်တွေ့သင်ကြားမည့် စက်ကိရိယာများ၊ Hand Tool များ ခင်းကျင်းပြသထားမှုအား ကြည့်ရှုစစ်ဆေးပြီး သင်တန်းတက် ရောက်နေသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နေ့လည်(၃:၀၀)နာရီတွင် ပြန်လည်ထွက်ခွာသွားကြပါသည်။