အဓိကအကြောင်းအရာသို့ သွားမည်
x

စက်မှုလယ်ယာသင်တန်းကျောင်း(အထက်မြန်မာပြည်)မိတ္ထီလာမြို့၌ လယ်ယာသုံးစက်ကိရိယာ လျှပ်စစ် ကျွမ်းကျင်မှု(ဝန်ထမ်း) Online သင်တန်းဖွင့်လှစ်

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၅)စက်မှုလယ်ယာစခန်း၊ မြိတ်မြို့တွင် လယ်ယာ သုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း အမှတ်စဉ်(၁/၂၀၂၁-၂၀၂၂) ဖွင့်ပွဲအား (၁၅-၂-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် Online Training  Video Conferencing ဖြင့် ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ လျှပ်စစ်ကျွမ်းကျင်မှု(ဝန်ထမ်း) သင်တန်း အမှတ်စဉ်(၁/၂၀၂၁-၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို (၁၄-၂-၂၀၂၂)ရက်နေ့ နံနက်(၉:၀၀)နာရီ တွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲကို သင်တန်းကျောင်းမှ ဒု-ကျောင်းအုပ်၊ ဦးစီးအရာရှိများနှင့် လျှပ်စစ်ကျွမ်းကျင် သင်တန်းနည်းပြဆရာ၊ သင်တန်းကြီးကြပ်ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး Video Conferencing စနစ်ဖြင့် Online မှ ဌာနသင်တန်းသား (၄၁)ဦးတက်ရောက်နနခဲ့ပါသည်။