အဓိကအကြောင်းအရာသို့ သွားမည်
x

အမှတ်(၉၅)စက်မှုလယ်ယာစခန်း၊ မြိတ်မြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်းအမှတ်စဉ်(၁/၂၀၂၁-၂၀၂၂) ဖွင့်လှစ်

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၅)စက်မှုလယ်ယာစခန်း၊ မြိတ်မြို့တွင် လယ်ယာ သုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း အမှတ်စဉ်(၁/၂၀၂၁-၂၀၂၂) ဖွင့်ပွဲအား (၁၅-၂-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ ဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဦးစီးမှူး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေဒူး-ဥယျာဉ်ခြံတာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တောင်ဖီလာကျေးရွာ တို့မှ တက်ရောက် ကြပြီး၊ (၁၅-၂-၂၀၂၂)ရက်နေ့မှ (၂၆.၂.၂၀၂၂)ရက်အထိ သင်တန်းကာလ(၂)ပတ် ကြာဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။