အဓိကအကြောင်းအရာသို့ သွားမည်
x

အမှတ်(၇၂)စက်မှုလယ်ယာစခန်း၊ စစ်တွေမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းဖွင့်လှစ်ခြင်း

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၂)စက်မှုလယ်ယာစခန်း၊ စစ်တွေမြို့တွင် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်ပွဲအား (၁၄-၂-၂၀၂၂)ရက်နေ့ တွင် စက်မှုလယ်ယာစခန်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးဌာနမှူး၊ စစ်တွေ မြို့နယ် မြို့နယ်ဦးစီးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်သူသင်တန်းသား (၃၀)ဦးတို့တက်ရောက်ကြပြီး၊ (၁၄-၂-၂၀၂၂)ရက်နေ့မှ (၂၅.၂.၂၀၂၂)ရက်အထိ သင်တန်းကာလ(၂)ပတ် ကြာဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။