အဓိကအကြောင်းအရာသို့ သွားမည်
x

ခရိုင်ဦးစီးဌာနမှူး (လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၁/၂၀၂၁-၂၀၂၂)ဖွင့်လှစ်ခြင်း

စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်၊ ဇေယျာသီရိမြို့ စက်မှုလယ်ယာသင်တန်ကျောင်း ရေဆင်း၌ (၂၃.၂.၂၀၂၂)ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ခရိုင်ဦးစီးဌာနမှူး(လုပ်ငန်းခွင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၁-၂၀၂၂) အား Online Training Video Conferencing စနစ်ဖြင့်ဖွင်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း) ဦးနိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စက်မှု လယ်ယာသင်တန်းကျောင်း (ရေဆင်း)မှ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းသား ခရိုင်ဦးစီးဌာနမှူးများ တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းစီမံချက်များ၊ နည်းပညာသစ်စက်ကိရိယာများနှင့် စက်မှု လယ်ယာဗဟုသုတများ၊ ခေတ်နှင့်အညီပြောင်းလဲလာသော လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်း များ၊ စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များကို စက်မှုလယ်ယာဦးစီးဌာနရှိ ဌာနခွဲအသီးသီးမှ ဆွေးနွေးသင်ကြားပေးသွားမှာဖြစ်ပါသည်။

ခရိုင်ဦးစီးဌာနမှူးများသည်လည်း မိမိတို့တာဝန်ထမ်းဆောင်ရာ နယ်ပယ်အသီးသီး၌ စက်မှု လယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သိသင့် သိထိုက်သည့်စီမံချက်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ နည်းပညာများကို သိရှိနားလည် ဆွေးနွေးနိုင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေမည်ဖြစ်ပါသည်။

သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်(၁၁)ခုမှ စက်မှုလယ်ယာ ခရိုင်ဦးစီးဌာနမှူး(၃၃)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၃.၂.၂၀၂၂)ရက်နေ့မှ (၇.၃.၂၀၂၂)ရက်နေ့ထိ ဖြစ်ပါသည်။