အဓိကအကြောင်းအရာသို့ သွားမည်
x

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ပဉ္စမ ကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အများပြည်သူတို့၏ လူမှုစီးပွားအကျိုး ဖြစ်ထွန်းစေရန် စီမံကိန်းလုပ်ငန်းများ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများအတွက် မြေယာအသုံးချမှုတွင် ကြန့်ကြာမှုမရှိစေပဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အထောက် အကူပြုနိုင်မည်ဖြစ်သည့် အတွက် လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိကြောင်း ၊ မြေယာပိုင်ရှင်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ မှန်ကန်သည့်နှုန်းထားဖြင့် လျော်ကြေး၊ နစ်နာကြေး လျင်မြန်စွာ ထုတ်ပေး နိုင်ခြင်းဖြင့် ပိုင်ရှင်များအတွက် ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိပဲ ခံစားရမည်ဖြစ်ကြောင်း မတ်လ(၈)ရက် နေ့ မွန်းလွဲပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

     ယနေ့ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်  (၅)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး အစည်းအဝေးတွင် အဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အမှာ စကားပြောကြားရာ၌ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ် ထားသော မြေယာမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေးအတွက် အရေးပါသည့် စိုက်ပျိုးမြေများ ထိခိုက်လျော့ပါးမှု မရှိစေရေး လုပ်ငန်းများကို အလေးထား အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အစည်းအဝေးတွင် အများပြည်သူတို့၏ အကျိုးအတွက် အကောင်အထည် ဖော်သည့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုံးပြု ခဲ့သော လယ်ယာမြေများအတွက် လယ်ယာ မြေ ပိုင်ရှင်တောင်သူများနှင့် မြေရှင်များ နစ်နာမှု မရှိစေရန် တည်ဆဲ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများ နှင့် အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို အချိန်မီ ပေးလျော်နိုင်ရန်နှင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဆွေးနွေးဆုံးဖြတ် ချက်များ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြင့် ဆွေးနွေး ပြောကြား သည်။

     ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦး က  တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ မှ တွက်ချက် တင်ပြ လာသော လျော်ကြေး၊ နစ်နာကြေး လုပ်ငန်း ကိစ္စရပ်များ နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး က ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရမည့် လုပ်ငန်း ရပ်များအားဖတ်ကြား တင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက လုပ်ငန်း ကဏ္ဍတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

crd www.agri.com.mm