အဓိကအကြောင်းအရာသို့ သွားမည်
x

“ပြောင်းသီးနှံ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နှင်းနည်း(IPM) ပညာပေးသင်တန်းဖွင့်လှစ်"

၂၀၂၂ ခုနှစ် မတ်လ(၉)ရက် က စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရုံးချုပ်ရှိ နဝရတ်ခန်းမ တွင် အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှု့အဖွဲ့(AFACI)၊ အပြည်ပြည်ဆိုင်ရာပြောင်းနှင့် ဂျုံဖွံ့ဖြိုး တိုးတက်မှုစင်တာ(CIMMYT) တို့၏ အထောက်အပံ့ဖြင့် "ပြောင်းသီးနှံ ဘက်စုံပိုးမွှား ရောဂါနှင့် ပေါင်းကာကွယ်နှိမ်နှင်းနည်း နည်းပညာပေး သင်တန်းတစ်ခုကို " ကို ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်း အနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ညွှန်ကြားရေးမှူးများ၊ သင်တန်း ဆရာများ နှင့် သင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ သင်တန်း သားအများစုမှာလူ ငယ်များ ဖြစ် သောကြောင့် လူငယ်ဟူသည် နံနက်အိပ်ရာထ နေ့တစ် နေ့ စတင်ချိန်မှ စတင်ကာ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများ အား အချိန်ကို အကောင်းဆုံး စီမဲခန့်ခွဲကာ တက်ကြွ လန်းဆန်းသော စိတ်ဖြင့် မိမိအကောင် အထည် ဖော်လိုသော လုပ်ငန်းများကို စတင်ရမှာဖြစ်ပါကြောင်း၊  ထိုသို့စတင်လိုက်ခြင်းဖြင့် အလုပ်ပြီးမြောက်ခြင်းဆီ ဦးတည်ကာ မိမိတို့ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပြန်မရနိုင်သည့် တန်ဖိုးရှိလှသည့် အချိန်တို့ကို လူငယ်များအနေဖြင့် ပညာရေးတွင်သာမက ကျန်းမာရေး၊လူမှုရေးတို့တွင်လည်း အကျိုးရှိစွာ အသုံးချစေလိုပါကြောင်း၊ သင်တန်းတက်ရောက်လာသူများအနေဖြင့် မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းများတွင် ပြန်လည်အသုံးချယုံသာမက မိမိပတ်ဝန်းကျင်တွင်လည်း ပြန်လည်မျှဝေပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံ ညွှန်ကြားရေးမှုးဒေါက်တာခင်သိန်းညွန့်မှ သင်တန်းကျင်းပရသည့် ရည်၇ွယ်ချက်နှင့် သင်တန်း တွင်ပို့ချပေးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကာ သင်တန်းဆရာများမှ မနက်ပိုင်း တွင် ပြောင်းသီးနှံ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နှင်းနည်း များအား သင်တန်း ပို့ချ ပေးခဲ့ ပြီး၊ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံတွင် ပြောင်းသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်သင့်သည်များကို အုပ်စု ၃ စုခွဲ၍   သက်ဆိုင် ရာ ခေါင်းစဉ် အကြောင်း အရာများ အလိုက် အုပ်စုလိုက် ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 ညနေပိုင်း သင်တန်းပိတ်ပွဲ အခမ်း အနားတွင် ပါဝင် ယှဉ်ပြိုင်ဆွေးနွေးခဲ့ကြသည့် အုပ်စု များအား ညွှန်ကြားရေးမှူးချုပ် မှ IPM စနစ်များဖြစ်သည့် စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ လက်ဖြင့် ကောက်ယူဖျက်ဆီးခြင်း၊ ဇီဝနည်း ပညာနှင့် ကာကွယ် နှိမ်နည်း နည်းများ၊ ဓာတုနည်းဖြင့် ကာကွယ် နှိမ်နင်း နည်းများအပေါ် သင်တန်းသားများ၏ နားလည် လက်ခံထားမှုများအား မေးခွန်းများ မေးမြန်းခဲ့ပြီး ပါဝင် ယှဉ်ပြိုင်ဆွေးနွေးခဲ့သည့် အဖွဲ့ များအား ဆုများ အသီး သီး ချီးမြှင့်ခဲ့ပါကြောင်း သိရှိရသည်။