အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးရေးဦးစီးဌာန၏ (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြား

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဦးစီးဌာနရုံးချုပ်များ၊ သုတေသနဌာနများ တည်ရှိသဖြင့် ပညာရှင်အရင်းအမြစ်များ ရှိနေပြီး ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း အတွက် အခြေခံကောင်းများဖြစ်သော မြေပြန့် ကုန်းမြင့် မတူညီသည့် ပထဝီ မြေမျက်နှာသွင်ပြင်စုံ ရှိသကဲ့သို့ ဆည်တမံများ နှင့် ရေသောက် စနစ်များလည်း ရှိပြီး ဖြစ်ရာ ဌာန ပုဂ္ဂလိက တောင်သူတို့ ပူးပေါင်း ပြီး သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှု အတွက် အကျိုးရှိစေမည့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ကြစေလိုကြောင်း၊ အခြား တစ်ဘက်တွင်လည်း စက်မှုလယ်ယာ ထွန်းကားလာမှုနှင့်အတူ စိုက်ကွင်းများ၌ ကျွဲနွားအသုံးပြုမှု နည်းပါးလာသည်နှင့်အမျှ သဘာဝမြေဩဇာ ဖြစ်သည့် နွားချေးများ ရှားပါးလာလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အကျိုးပြုနိုင်ပြီး စီးပွားဖြစ်မွေးမြူရေး လုပ်ငန်း လည်း ဖြစ်သော ကျွဲနွား မွေးမြူရေးလုပ်ငန်းများ ၊ ဘက်စုံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး အားပေး ကူညီ လျက်ရှိကြောင်း၊ မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်ရှိ ချောင်းမငယ် ရေလှောင်တမံ နှင့် သီးနှံသစ်တော ရောနှော စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

     ဒုတိယဝန်ကြီး သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   ၊ သမဝါယမ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများနှင့်အတူ ချောင်းမငယ်ရေလှောင်တမံ ဧရိယာ အတွင်းရှိ သီးနှံသစ်တောရောနှောစိုက်ခင်း နှင့် ဒေသနေပြည်သူများ၏ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

     လယ်‌ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံ၏ ရေဝေရေလဲ ဒေသနှင့် ဆည်ရေသောက် ဧရိယာများဖြစ်သော ပေပင်ကျေးရွာ၊ သရက်ချောင်း ကျေးရွာ၊ ပန်းညို စမ်းကျေးရွာ၊ မဒေါ့ပင် ကျေးရွာ၊ ကံလှကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ ဒေသနေ ပြည်သူများ ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် ခေတ်မှီစိုက်ပျိုးနည်းပညာများ အသုံးပြုနိုင်ရေး၊ လယ်ယာသုံး စက်ကိရိယာ များ တိုးတက်အသုံးပြုနိုင်ရေး၊‌ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေး၊ လူနေမှုအဆင့် အတန်းမြင့်မားလာစေတို့အတွက် ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

     မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော် ရုံးအမှတ်(၁၅)တွင် ကျင်းပပြုလုပ် သည့် စိုက်ပျိုးရေးဦးစီးဌာန၏ (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

     ထို့နောက် သီးနှံကဏ္ဍဖွံ့ဖြိုးဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ ခေါင်းစဉ်ဖြင့် မတ်လ(၁၇)ရက် နေ့မှ (၁၉) ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ စာတမ်းဖတ်ပွဲ၏ ဆုချီးမြှင့်ပွဲ ကို ဆက်လက်ကျင်းပရာ အတွေ့အကြုံကောင်းရှိပညာရှင်အုပ်စု တွင် ဆုရွေးချယ်ခံရသော ငါးအမိုင်နိုအက်ဆစ် အမျိုးမျိုး နှင့် နှုန်းထား အမျိုးမျိုး တို့၏ ဖရုံအပင် အထွက်နှုန်း အပေါ် အကျိုးသက် ရောက်မှုများအား လေ့လာခြင်း စာတမ်းဖြင့် ပထမဆုရရှိသူ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်း၊ ကော်ဖီ မျိုးများ၏ ရုပ်လက္ခဏာ ဖော်ပြနိုင်စွမ်းများ အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ အာရေးဗီးကား ကော်ဖီ (၂၉)မျိုး အား မျိုးအုပ်စုများ ခွဲခြားခြင်း စာတမ်းဖြင့် ဒုတိယဆုရရှိသူ ဦးစီးအရာရှိ ဦးသူရိန်နိုင် ၊ အပူပိုင်းဒေသတွင် ပဲတီစိမ်းနှင့် ပဲတီစိမ်းလက္ခဏာများ အပေါ် ဘိုရွန်နှင့် မိုလစ်ဒီနပ်၏ အကျိုးသက်ရောက်မှုကိုလေ့လာခြင်း စာတမ်းဖြင့် တတိယဆု ရရှိသူ ဒု-ဦးစီးမှူး ဒေါ်တင်မာဝင်း နှင့် နှစ်သိမ့်ဆုရရှိသူ(၃)ဦး တို့ကို လည်းကောင်း၊ တက်သစ်စ ပညာရှင်အုပ်စု တွင် ဆုရွေးချယ်ခံရသော မက္ကဒေးမီးယားမျိုးများနှင့် တန်ဖိုးမြင့် ထုတ်ကုန်များ စာတမ်းဖြင့် ပထမဆုရရှိသူ ဒု-ဦးစီးမှူး ဦးတင့်နိုင်ထွန်း ၊ ဂရိတ်ဖရု သစ်သီးပင်၏ အထွက်နှုန်း နှင့် အရည်အသွေးတိုးတက်စေရန် စနစ်တကျ ပြုစုထိန်းသိမ်းခြင်း စာတမ်းဖြင့် ဒုတိယဆုရရှိသူ ဦးစီးအရာရှိ ဦးဝင်းကျော်ထွန်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြောင်းချဉ်ဖတ် ပြုလုပ်ခြင်း သုံးစွဲခြင်းနှင့် အကျိုးအမြတ်လေ့လာ ခြင်း စာတမ်းဖြင့် တတိယဆု ရရှိသူ ဒု-ဦးစီးမှူး ဒေါ်ခိုင်ဇာဇာစော နှင့် နှစ်သိမ့်ဆုရရှိသူ(၇)ဦး တို့ကို လည်းကောင်း ဒုတိယဝန်ကြီး အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။

crd #    www.agri.com.mm