အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာ-ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊  ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ မေလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဂျပန်နိုင်ငံမှ  ဂျပန်- မြန်မာအသင်းဥက္ကဌ H.E. WATANABE Hideo နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာ-ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး တွင် စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင် အတွေ့အကြုံနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးရေး ၊ ဈေးကွက်များသို့ ရောက်ရှိစေရန် သိုလှောင်ပို့ဆောင်မှုစနစ်များဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ၊ စိန်တစ်လုံးသရက် နှင့် သစ်သီးဝလံ ဟင်းသီး ဟင်းရွက်များ အရည်အသွေးမြင့် စိုက်ပျိုး ထုတ်လုပ်ရေး နှင့် ဈေးကွက်ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

crd... www.agri.com.mm