အဓိကအကြောင်းအရာသို့ သွားမည်
x

အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ဧရာဝတီမြစ်အတွင်း ငါးကောင်ရေ ၆ သိန်း မျိုးစိုက်ထည့်ပေး

မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့်သဘာဝရေပြင်များ၊ မြစ် ချောင်းများအတွင်း ငါးသယံဇာတများရေရှည်တည်တံစေရန်နှင့် ငါးရိက္ခာကိုပိုမိုရရှိစားသုံးစေ နိုင်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းများဆောင်ရွက်လျက်ရှိရာ  ဩဂုတ် ၂၀ ရက်နေ့ နံနက်ပိုင်း က အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျွဲစွန်းဆိပ်ကမ်းအနီး ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးခင်မောင်ထွန်း၊ ခရိုင်တာဝန်ခံ ဦးဌေးမင်း၊ သရက်ကုန်းငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးထွန်းနောင်ဝင်းနှင့် ဝန်ထမ်း များ၊ ရေနံသာစခန်းတာဝန်ခံ ဦးအေးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ရေး ကြီးကြပ် မှုအဖွဲ့ဝင်များနှင့် ဒေသခံရေလုပ်သားများမှ သရက်ကုန်းငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော (၂) လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၂)သိန်း၊ ငါးခုံးမကြီးသားပေါက် (၁)သိန်း၊ ရေနံသာစခန်းမှ ငါးမြစ်ချင်းသားပေါက်တစ်သိန်းခွဲနှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ တစ်သိန်းခွဲ၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ(၆)သိန်းအား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။