အဓိကအကြောင်းအရာသို့ သွားမည်
x

စက်မှုလယ်ယာသင်တန်းကျောင်း၊ ဘုရားကြီးမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းဖွင့်လှစ်

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်း ကျောင်း၊ ဘုရားကြီးမြို့တွင် အမှတ်စဉ်(၂/၂၀၂၂-၂၀၂၃) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်း သိမ်းမှု(အထူး)သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၁.၉.၂၀၂၂)နေ့ နံနက်(၀၉:၃၀)နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှတာဝန်ရှိ ပုဂ္ဂိုလ်များ၊  စက်မှုလယ်ယာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

    ဖွင့်ပွဲအခမ်းအနားတွင်   ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ်မှ    အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနှင့် ပတ်သက်သည်များကို သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ရှင်းလင်းတင်ပြခဲ့ပါသည်။

  သင်တန်းသို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီးစသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ သင်တန်းသား(၄၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းမှာ(၁၁.၁၁.၂၀၂၂)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပါသည်။